To the World io

ဆရာ၊ ဆရာမများဖတ်ဖို့ Literacy စာဖတ်တတ်ခြင်းနှင့် Media literacy လူ့ပတ်ဝန်းကျင်မှ သတင်းများကို ဖတ်တတ်ခြင်း ကိုယ့်ပတ်ဝန်းကျင်မှာ၊ Facebook လို social media ပေါ်မှာ သတင်းတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်၊ post တစ်ခုဟာ မှန်၏ မမှန်၏ မစဥ်းစား မဆင်ခြင်ဘဲ၊ fake news တွေကအစ share နေကြသူတွေ တော်တော်လေးတွေ့နေရတယ်။ အချို့လည်း အင်္ဂလိပ်သတင်းဌာနက သတင်းတစ်ခုကို အဆုံးထိတောင် ဖတ်ကြတယ် မထင်ဘူး၊ သတင်းထူးသဟဆိုပြီး share ကြပေမယ့် အဲဒီသတင်းကို အဆုံးအထိ သေသေချာချာ ဖတ်ကြည့်လိုက်ရင် သတင်းရဲ့နိဂုံးမှာ ဒီကိစ္စဟာ အတည်ပြုဖို့စောသေးကြောင်း၊ သုတေသနတွေ များစွာထပ်လုပ်ဖို့ လိုနေသေးလို့ ဒီ virus ကို ကုသဖို့ ဆေးတွေ့ပြီလို့ အတည်ပြုဖို့ မဖြစ်နိုင်သေးကြောင်း ရေးထားတာကို တွေ့လိုက်ရတော့ အားရဝမ်းသာ share လိုက်တဲ့သူ ပြောသလိုမျိုး မဟုတ်ကြောင်း သိရတတ်တယ်။ ဒါဟာ ကိုယ်တိုင် စဥ်းစားဆင်ခြင်ခြင်းနဲ့ အချိန်ပေးပြီး စာဖတ်ကြည့်လို့ သိရတာ။ သူများ share သမျှကို တကယ်မဖတ်ကြည့်ဘဲ လွယ်လွယ်နဲ့ ယုံတတ်သူဆိုရင်တော့ မသေချာသေးတဲ့သတင်း၊ မခိုင်လုံတဲ့ သတင်း၊ သတင်းအမှားကို ယုံကြည်သွားကြမှာပေါ့။ အဲဒီလို အမှားတွေကို ခေါင်းထဲထည့်ထားတဲ့ လူတွေအများကြီးဖြစ်သွားပြီဆိုရင် အန္တရာယ်ဘယ်လောက်များမလဲ၊ စဥ်းစားသာကြည့်ပါတော့။ ဒီ post ရဲ့ အဓိကအကြောင်းအရာကို မပြောခင် Literacy ဆိုတဲ့ စကားလုံးကို စကြည့်ကြစို့။ literacy ဟာ noun ပါ။ literate ဟာ adjective။ literate = စာတတ်မြောက်သော၊ ရေးတတ် ဖတ်တတ်သော illiterate = စာမတတ်သော literate စာဖတ်တတ်တာ၊ အခြေခံအဆင့်ပဲနော်။ educated ပညာတတ်သော မဟုတ်သေးဘူး။ literacy ကတော့ စာဖတ်တတ်ခြင်း။ ကျွန်တော်တို့ ခလေးအရွယ်က မြန်မာပြည်မှာ စာမတတ်သူပပျောက်ရေး လှုပ်ရှားမှု လုပ်ခဲ့တယ်။ Literacy campaign လို့ အင်္ဂလိပ်သတင်းစာတွေက ရေးခဲ့တယ်။ 'အ'သုံးလုံး လို့လည်းလူသိများခဲ့တယ်။ အရေး၊ အဖတ်၊ အတွက်။ ဒါတွေဟာ မူလတန်းအဆင့် basic literacy skills တွေပါ။ 'အ' သုံးလုံးကို အင်္ဂလိပ်လိုတော့ The three Rs လို့ခေါ်တယ်။ reading, writing and arithmetic တို့ဖြစ်တယ်။ ကဲ... ဒါဆိုရင် အခုပညာရေးလောကမှာ အပြောများနေကြတဲ့ ကျောင်းသားများကို သင်ကြားပေးဖို့ အရေးကြီးတဲ့ 21st Century skills ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Media Literacy အကြောင်းကို ဆက်ရေးဖို့ အဆင်သင့်ဖြစ်ပြီ။ Internet သုံးပြီဆိုတာနဲ့ web browsing လုပ်ကြရင်၊ social media သုံးကြရင် အမှား အမှန်၊ အကောင်း အဆိုး၊ အတု အစစ်တွေနဲ့ ပြည့်နှက်နေတဲ့ မှော်ရုံတောကြီးထဲကို တိုးဝင်သွားသလိုပါပဲ။ သုံးတတ်ဖို့လိုတယ်။ critical reading စာဖတ်ပြီး ချင့်ချိန်စဥ်းစားတတ်ဖို့လိုတယ်။ navigate လုပ်တတ်ဖို့လိုတယ်။ ဒါ့ကြောင့် ကျောင်းသားလူငယ်တွေကို ငယ်စဉ်ကတည်းက မိဘတွေနဲ့ ဆရာများက ပူးပေါင်းပြီး အိမ်မှာရော ကျောင်းသင်ခန်းစာတွေထဲမှာပါ ထည့်သွင်းပြီး media literacy ရှိအောင် သင်ပြပေးဖို့အရေးကြီးကြောင်း ပညာရေးပါမောက္ခကြီးများက တိုက်တွန်းထားပါတယ်။ Media literacy ဆိုတာ ဘာလဲ၊ ဘာ့ကြောင့် အရေးကြီးသလဲ။ အပေါ်မှာပြောခဲ့သလိုပဲ literacy ဟာ အခြေခံအဆင့် အသုံးလုံးအဆင့် စာဖတ်တတ် ရေးတတ်ခြင်းပဲ။ အခြေခံအဆင့်ပိုင်ပြီး ဖတ်ပါများ၊ လေ့လာပါများတော့မှ ပိုအဆင့်မြင့်လာမယ်၊ making interpretation, making inferences စသည့် stronger literacy skills တွေကို ပိုင်ဆိုင်လာလိမ့်မယ်။ Media literacy ဟာလည်း ထိုနည်းတူပါပဲ။ ဒီဆောင်းပါးကို ကျောင်းဆရာ ဆရာမတွေ၊ မိဘတွေအတွက် အဓိကရည်ရွယ်ပြီးရေးထားတာမို့ တိုတိုနဲ့ ထိရောက်တဲ့ reference တစ်ခုကို ကိုးကားလိုက်တယ်။ Media literacy ဆိုတာဘာလဲ၊ ဘာ့ကြောင့် ခလေးတွေကို media literacy ရှိအောင် သင်ပေးဖို့လိုသလဲ၊ ဘယ်လိုမျိုး လေ့ကျင့်သင်ကြားပေးသင့်သလဲ၊ စသည့်အရေးကြီးတဲ့အချက်တွေကို အောက်မှာ ဆက်ပြီး အင်္ဂလိပ်လိုရော မြန်မာလိုပါ ဖတ်ကြည့်ကြပါ။ ကျောင်းသားတွေကို သင်ပေးကြပါ။ ကဲ.. ဆက်ဖတ်ပါတော့။ What is media literacy, and why is it important? Media literacy is the ability to identify different types of media and understand the messages they're sending. Kids take in a huge amount of information from a wide array of sources, far beyond the traditional media (TV, radio, newspapers, and magazines) of most parents' youth. There are text messages, memes, viral videos, social media, video games, advertising, and more. But all media shares one thing: Someone created it. And it was created for a reason. Understanding that reason is the basis of media literacy. The digital age has made it easy for anyone to create media. We don't always know who created something, why they made it, and whether it's credible. This makes media literacy tricky to learn and teach. Nonetheless, media literacy is an essential skill in the digital age. Media literacy ကို သိသွားပြီးတဲ့ ကျောင်းသားတွေ ဘယ်လို အားသာချက်တွေ၊ အကျိုးကျေးဇူးတွေကို ခံစားရမလဲ။ Specifically, it helps kids: • Learn to think critically. As kids evaluate media, they decide whether the messages make sense, why certain information was included, what wasn't included, and what the key ideas are. They learn to use examples to support their opinions. Then they can make up their own minds about the information based on knowledge they already have. • Become a smart consumer of products and information. Media literacy helps kids learn how to determine whether something is credible. It also helps them determine the "persuasive intent" of advertising and resist the techniques marketers use to sell products. • Recognize point of view. Every creator has a perspective. Identifying an author's point of view helps kids appreciate different perspectives. It also helps put information in the context of what they already know -- or think they know. • Create media responsibly. Recognizing your own point of view, saying what you want to say how you want to say it, and understanding that your messages have an impact is key to effective communication. • Identify the role of media in our culture. From celebrity gossip to magazine covers to memes, media is telling us something, shaping our understanding of the world, and even compelling us to act or think in certain ways. • Understand the author's goal. What does the author want you to take away from a piece of media? Is it purely informative, is it trying to change your mind, or is it introducing you to new ideas you've never heard of? When kids understand what type of influence something has, they can make informed choices. ဒါဆိုရင် ကျောင်းသားတွေကို Media literacy ရသွားအောင် ဘယ်လို သင်ကြားပေးသင့်သလဲ။ • When teaching your kids media literacy, it's not so important for parents to tell kids whether something is "right." In fact, the process is more of an exchange of ideas. You'll probably end up learning as much from your kids as they learn from you.�Media literacy includes asking specific questions and backing up your opinions with examples. Following media-literacy steps allows you to learn for yourself what a given piece of media is, why it was made, and what you want to think about it.�Teaching kids media literacy as a sit-down lesson is not very effective; it's better incorporated into everyday activities. For example: • With little kids, you can discuss things they're familiar with but may not pay much attention to. Examples include cereal commercials, food wrappers, and toy packages. • With older kids, you can talk through media they enjoy and interact with. These include such things as YouTube videos, viral memes from the internet, and ads for video games. ကျောင်းသားတွေ အကျိုးသင့်အကြောင်းသင့် စဥ်းစားတတ်အောင် ဆရာက ဘယ်လိုမေးခွန်းတွေ မေးပေးရမလဲ။ Here are the key questions to ask when teaching kids media literacy: • Who created this? Was it a company? Was it an individual? (If so, who?) Was it a comedian? Was it an artist? Was it an anonymous source? Why do you think that? • Why did they make it? Was it to inform you of something that happened in the world (for example, a news story)? Was it to change your mind or behavior (an opinion essay or a how-to)? Was it to make you laugh (a funny meme)? Was it to get you to buy something (an ad)? Why do you think that? • Who is the message for? Is it for kids? Grown-ups? Girls? Boys? People who share a particular interest? Why do you think that? • What techniques are being used to make this message credible or believable? Does it have statistics from a reputable source? Does it contain quotes from a subject expert? Does it have an authoritative-sounding voice-over? Is there direct evidence of the assertions its making? Why do you think that? • What details were left out, and why? Is the information balanced with different views -- or does it present only one side? Do you need more information to fully understand the message? Why do you think that? • How did the message make you feel? Do you think others might feel the same way? Would everyone feel the same, or would certain people disagree with you? Why do you think that? • As kids become more aware of and exposed to news and current events, you can apply media-literacy steps to radio, TV, and online information. ဟုတ်ပြီနော်။ အသုံးဝင်မယ် ထင်ပါတယ်။ မူရင်းဆောင်းပါးကိုရေးထားတဲ့ အင်္ဂလိပ်စာဟာ ရှင်းလင်းထိရောက်လို့ မြန်မာလို ဘာသာမပြန်ပေးလိုက်ဘူး။ မိဘနဲ့ ဆရာပူးပေါင်းပြီး ခလေးတွေကို စာဖတ်တတ်အောင်၊ ဖတ်တဲ့ စာအကြောင်းကို နှိုင်းချင့်စဥ်းစားတတ်အောင် ငယ်စဉ်ကတည်းကပင် သင်ကြားပေးမှ အနာဂတ် ကိုယ့်တိုင်းပြည်မှာ literacy skills မြင့်မားပြီး အမှား အမှန်ကို ခွဲခြားနိုင်တဲ့ နိုင်ငံ့သားကောင်းများ များပြားလာမှာဖြစ်ပါတယ်။ Ref: Parenting, media and everything in between With love, Dr.Soe Than April 19, 2020

Comments

Popular posts from this blog

Love Like Ceremony