ဆရာ၊ ဆရာမများဖတ်ဖို့ Literacy စာဖတ်တတ်ခြင်းနှင့် Media literacy လူ့ပတ်ဝန်းကျင်မှ သတင်းများကို ဖတ်တတ်ခြင်း ကိုယ့်ပတ်ဝန်းကျင်မှာ၊ Facebook လို social media ပေါ်မှာ သတင်းတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်၊ post တစ်ခုဟာ မှန်၏ မမှန်၏ မစဥ်းစား မဆင်ခြင်ဘဲ၊ fake news တွေကအစ share နေကြသူတွေ တော်တော်လေးတွေ့နေရတယ်။ အချို့လည်း အင်္ဂလိပ်သတင်းဌာနက သတင်းတစ်ခုကို အဆုံးထိတောင် ဖတ်ကြတယ် မထင်ဘူး၊ သတင်းထူးသဟဆိုပြီး share ကြပေမယ့် အဲဒီသတင်းကို အဆုံးအထိ သေသေချာချာ ဖတ်ကြည့်လိုက်ရင် သတင်းရဲ့နိဂုံးမှာ ဒီကိစ္စဟာ အတည်ပြုဖို့စောသေးကြောင်း၊ သုတေသနတွေ များစွာထပ်လုပ်ဖို့ လိုနေသေးလို့ ဒီ virus ကို ကုသဖို့ ဆေးတွေ့ပြီလို့ အတည်ပြုဖို့ မဖြစ်နိုင်သေးကြောင်း ရေးထားတာကို တွေ့လိုက်ရတော့ အားရဝမ်းသာ share လိုက်တဲ့သူ ပြောသလိုမျိုး မဟုတ်ကြောင်း သိရတတ်တယ်။ ဒါဟာ ကိုယ်တိုင် စဥ်းစားဆင်ခြင်ခြင်းနဲ့ အချိန်ပေးပြီး စာဖတ်ကြည့်လို့ သိရတာ။ သူများ share သမျှကို တကယ်မဖတ်ကြည့်ဘဲ လွယ်လွယ်နဲ့ ယုံတတ်သူဆိုရင်တော့ မသေချာသေးတဲ့သတင်း၊ မခိုင်လုံတဲ့ သတင်း၊ သတင်းအမှားကို ယုံကြည်သွားကြမှာပေါ့။ အဲဒီလို အမှားတွေကို ခေါင်းထဲထည့်ထားတဲ့ လူတွေအများကြီးဖြစ်သွားပြီဆိ...
Comments
Post a Comment